CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟာသများ (4 )

Go down

ဟာသများ (4 ) Empty ဟာသများ (4 )

Post  Admin Mon Aug 15, 2011 4:26 pm

ဝါရင့် ကားမောင်းသမား



ခရီးသည် အဘိုးကြီးတစ်ဦး တက္ကစီ စီးလာသည်။

ကားမောင်းသမား ကို စပ်စုပြီး သူကမေးသည်။

" စိတ်မရှိပါနဲ့ ငါ့ တူ ၊ သိချင်လို့ ပါ ၊ တကယ်လို့ ငါ့ တူ အရက်

တစ်ပက်သောက်ထားရင် ကားမောင်းနိုင်ပါ့ မလား "

" မောင်းနိုင်တာပေါ့ ဗျာ "

" နှစ်ပက်သောက်ထားရင်ကော"

" ဒါလည်းမောင်းနိုင်မှာပဲ"

" အင်း၊ ငါ့ တူကို ကြည့်ရတာ ပထမတန်းစား ကားမောင်းသမားနဲ့ တူတယ်၊ ဒါနဲ့ 

ဖန်ခွက်တစ်ခွက်အပြည့် သောက်ထားရင်ကော "

တက္ကစီသမား စိတ်တိုလာသည်။

" အဓိပ္ပာယ်မရှိတဲ့  မေးခွန်းတွေကို ဘာလို့ မေးနေရတာလဲ

အဘိုးကြီး၊အခုမောင်းနေတာ မြင်တယ်မဟုတ်လား "

( P.S - အစ်ကိုတော်များ အတွက်ရည်ညွှန်းသည်)

..............................


အမေတာဝန်ယူတယ် ….



"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ငရဲ ရှိတယ်ဆိုတာ

သူမယုံဘူး"

" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်လုပ်ဖို

့မေမေ့တာဝန် ထားလိုက်ပါကွယ် "

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum