CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟာသများ ( 2 )

Go down

ဟာသများ  ( 2 ) Empty ဟာသများ ( 2 )

Post  Admin Mon Aug 15, 2011 4:20 pm

စဉ်းစားပါဦး



သူမ "ငါနိုင်ငံခြားသွားမလို့ "



သူငယ်ချင်း " ဘာလုပ်ဖို့ "



သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "



သူငယ်ချင်း " အတော်ကုန်မှာပဲနော်"



သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "



သူငယ်ချင်း " နှမြောစရာကြီးဟယ်"



သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"



သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်

မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"

ဒေါ်ဒေါ်ပဲဆုံးဖြတ်ပါ



ကောင်လေးနဲ့ ကောင်မလေး ပန်းခြံထဲမှာ စကားထိုင်ပြောနေကြတုန်း ကောင်မလေးရဲ

့အမေရောက်လာပြီး …



" ကဲပြောစမ်း …။ မင်းငါ့ သမီးကို ဘာတွေပြောနေတာလဲ။

ဖြားယောင်းသွေးဆောင်နေတာမဟုတ်လာ

း"



ဒီတော့ ကောင်လေးက " မဟုတ်ရပါဘူးဒေါ်ဒေါ် သူကချည်းပြောနေတာပါ"



လုပ်အားခ



အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ

တစ်ခုနှင့် တစ်ခု ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။



မန်နေဂျာက အကြံရပြီး အနီးရှိ ထောင်တစ်ခု၏ ထောင်ပိုင်ထံ ဖုန်းဆက်ပြီး

မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော ထောင်ကျအကျဉ်းသားရှိပါက

စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။



မကြာမီ ထောင်ဝါဒါတစ်ဦးနှင့် အတူ အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင်

့မီးခံသေတ္တာကို ပြလိုက်သည်။



အကျဉ်းသားက နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ခဏအကြာတွင်

မီခံသေတ္တာကို အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။



မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။



အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော

့ငါးသိန်းရတာပဲ။

အားလုံးသဘောတူရင်



သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။



ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး



သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။



ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။



ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။တို

့အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"



ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။



" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum