CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟာသများ ( 3 )

Go down

ဟာသများ ( 3 ) Empty ဟာသများ ( 3 )

Post  Admin Mon Aug 15, 2011 4:23 pm

ဒါကို ပိုနှမြောတယ် …



ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။

သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ

ပြန်လာကြသည်။အရာရှိက တစ်ယောက်ချင်းစစ်သည်။

သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင် ၀ီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။

အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင် စိတ်မကူးဘဲ ယခုကဲ့ သို

့ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။

" ဟေ့  ရပ်လိုက်စမ်း "

သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ

ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်စိုးသဖြင့် အရာရှိက

အောက်ပါအတိုင်းပြောလိုက်သည်။

" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။

အဲ့ ဒီအချိန်အတွင်းမှာ ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း

တစ်၊ နှစ်၊ သုံး "

" ဗလွမ်း ၊ ဗလွမ်း "

အရာရှိ မျက်လုံးဖွင့်လိုက်သည်။

"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "

သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။

" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "


မှန်လိုက်လေ

လင်မယားနှစ်ယောက် စကားပြောနေကြရာ



မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"



ယောက်ျား " မင်းတို့ မိန်းမတွေကရော"



မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"


သြော်



" သမီးနဲ့ ဈေးဝယ်တောင် အတူတူ မသွားရဲ ပါဘူးရှင်။ သမီးချောချောမွေးမိတဲ

့ဒုက္ခ တော်တို့ သိမှာမဟုတ်ပါဘူး"



" သဘာဝပဲလေ ဆီဆက်ပိုင်ရှင်ကြီးရယ်။ဝိုင်းဝိုင်းလည်နေလို့ စိတ်ညစ်နေတာပေါ့ ။"



" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက

ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာ စိတ်ညစ်တာ"



" သူဌေးကခေါ်တာများ "



" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ်ပိုကြီးတယ်တော့ "

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum