CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟာသများ ( 1 )

Go down

ဟာသများ  ( 1 ) Empty ဟာသများ ( 1 )

Post  Admin Mon Aug 15, 2011 4:15 pm

ပာချင်လွန်းလို့ 

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည်

မြန်မာစကားအလွန်တတ်ချင်သဖြင့် အမြဲလေ့ လာလျက်ရှိသည်။

နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့် အပြင်

အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း

မြန်မာစကားအသံထွက်များကို ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။

တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီးလျှက် မြို့ ထဲသို့ ထွက်လာစဉ်

လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။

အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။

ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျှက်

စာရွက်များကိုအပြင်းအထန်လှန်နေသည်။

ကိုရွှေမြန်မာမှာမူ သူ့ ကိုရေးမှတ်သွားကာ ဖမ်းဆီးမည် ထင်ပြီး ကြောက်လန့် နေ၏ ။

သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို

ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။

ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော့ အောင်မညေဂျကယ်ဂျပါဦးဂျို့...--





၁) နောက်တစ်မျိုးက




‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး

လေပါးကို ပြောစမ်း။’’

‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးေ

တာ့...’’

‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’

‘‘ ဆပ်ပြာပါ ဆရာ ’’



၂) ရောမမြို့ကြီးတည်ဆောက်ချိန်



‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’

‘‘ ညမှာပါ’’

‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’

‘‘ ဆရာပဲပြောတယ်လေ။ ’’

‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’



၃) ရူပဗေဒ



‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ

ကြားရတာဘာလို့လဲ။’’

‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’



၎) ဆက်သွယ်လိုလျှင်



‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀)

ဆိုပြီးရေးထားပါတယ်။အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’



‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’



၅) ကျွန်တော့်အဖေပါ



မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-



‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’

‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’

‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’



၆) မှန်ပေမယ့် မှားတယ်



‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’

‘‘ မသိဘူးဆရာ။’’

‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’

‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’



၇) မှန်တော့မှန်ပါရဲ့



‘‘ နာမ် ’’တစ်ခုကိုပြောပါ။

‘‘ နွား ’’ ပါဆရာ။

‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’

‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’



၈) စီအေတီ



‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’

‘‘ မသိဘူးခင်ဗျ။’’

‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’

‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’



၉) အမေးနှင့် အမေး



‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’

‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’



၁၀) သတိပေးနေလို့



‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’

‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’

‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။[b]

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum