CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

Funny ဟာသများ

Go down

Funny ဟာသများ  Empty Funny ဟာသများ

Post  Admin Sun Aug 14, 2011 9:20 pm

မှတ်ပြီလား Made in Japan

အမေရိကန်သို့ ခပ်ကြွားကြွား ဂျပန်တစ်ယောက် အလည်အပတ် ရောက်ရှိ နေ၏။ ပြန်မည့်နေ့တွင် လေဆိပ်ဆင်းရန် တက္ကစီတစ်စင်း ငှား၏။



တက္ကစီဖြင့် လေဆိပ်ကို လာစဉ် လမ်း၌ အရှိန်ပြင်းပြင်း မောင်းလာသော ဟွန်ဒါကားတစ်စင်းက ၄င်းတို့တက္ကစီကို ကျော်တက်သွားရာ ဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။


...

“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”



တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း

“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။



မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း

“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန် သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။



လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀၀ ကျသင့်ကြောင်း ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။



“၀ါး…. ဈေးကြီးလှချည်လား”



“မီတာဗျ။ အရမ်းမြန်တယ်။ Made in Japan

လေ”





ဘာကြောင့်လဲဟင် မေမေ


ကောင်လေးက သိချင်သော ကိစ္စတစ်ခုကို သူ့အမေကို မေးနေ၏။



“အမေ၊ အစ်ကို့ကို ဘာလို့ နှင်းမုန်တိုင်းလို့ နာမည်ပေးထားတာလဲဟင်”



“သူ့ကို ကိုယ်ဝန်ရတော့ နှင်းမုန်တိုင်းတွေ တိုက်နေတဲ့ ရာသီမို့လို့ သားရဲ့”



“အစ်မကို ကျတော့ရော ဘာလို့ လရောင်လို့ နာမည်ပေးတာလဲဟင်”



“သူ့ကိုယ်ဝန် ရတဲ့ အချိန်က လအရမ်းသာနေလို့ပေါ့ သားရဲ့”



“ဒါဆိုရင် သားနာမည်ကျတော့ အဲလို လှလှလေး မဖြစ်ဘဲ ဘာလို့ ရော်ဘာပြဲ ဖြစ်နေရတာလဲဟင်”





Password

အမျိုးသမီး ကွန်ပျူတာ ပညာရှင်တစ်ယောက်သည် ကွန်ပျူတာ မကျွမ်းကျင်သော ဘရုတ်သုက္ခ ယောက်ျားတစ်ယောက်၏ ကွန်ပျူတာကို ၀န်ဆောင်မှု ပေးနေရသည်။ Log in ၀င်ရန် Password အဖြစ် မည်သည့် စကားလုံးကို ထားလိုကြောင်း သူမက ကိုနှာဘူးကို မေးလိုက်သည်။



ထိုသူက အမျိုးသမီးကို ရှက်သွားစေလိုသော ရည်ရွယ်ချက်ဖြင့် PENIS (အမျိုးသားတန်ဆာ) ဟူသော စကားလုံးကို ထည့်ခိုင်း၏။



သူမကလည်း မျက်နှာကို တင်းတင်းထားရင်း ခပ်တည်တည်ဖြင့် သူပြောသည့် အတိုင်း Password ထည့်ပေးလိုက်၏။



ထိုအခါ ပေါ်လာသော ဆော့ဖ်ဝဲ၏ ပြန်ကြားချက်ကို ဖတ်ကာ ထိုလူ့ မျက်နှာ ရှုံ့မဲ့သွားသဖြင့် သူမ အူလှိုက်သည်းလှိုက် မရယ်မိအောင် အတင်းကို ထိန်းထားလိုက်ရလေတော့၏။ ပေါ်လာသော စာကြောင်းမှာ



*** PASSWORD REJECTED. NOT LONG ENOUGH **** (Password ကို လက်မခံပါ။ လုံလောက်အောင် မရှည်သောကြောင့် ဖြစ်သည် ဟူ၏)

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum