CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

အသဲကွဲနေသောသူငယ်ချင်းအတွက်

Go down

အသဲကွဲနေသောသူငယ်ချင်းအတွက် Empty အသဲကွဲနေသောသူငယ်ချင်းအတွက်

Post  Admin Wed Sep 07, 2011 4:57 pm

နင်အရမ်းခံစားနေရလား၊
မခံစားပါနဲ့ဟာ...
အချိန်တန်တော့လဲအရာအားလုံးပြီးဆုံးသွားမှာပေါ့
အားတင်းထားပါဟာ
နင့်ကိုသူကထားခဲ့တယ်ဆိုရင် သူဟာ
နင့်အချစ်နဲ့မထိုက်တန်သေးလို့နေမှာပါ
သူကနင့်ကိုတကယ်မချစ်ခဲ့ပါဘူး
အဲအတွက်နင်ခံစားနေရတာမှလား
ယုံကြည်မှုတဲ့ နင့်ကိုသူကမယုံကြည်ဘူးတဲ့
နင့်ကိုမယုံကြည်လို့သူကနင့်ကိုထားသွားတာ
နင်ကတော့သူ့ကိုယုံကြည်နေတယ်ပေါ့
နင်ယုံကြည်တဲ့သူဟာ နင့်ကိုမယုံကြည်ဘူးတဲ့
နင်မှားနေတာဟ သူနဲ့အစောကတည်းက
မပက်သက်သင့်တာ နင်သူကိုမေ့ရမှာ
နင်သူ့ကိုဘာလိုချစ်တာလဲ
နင်စချစ်တာကိုကမှားတာပဲ
အဲကတည်းကနင်မှားနေတာ
အရာရာတိုင်းဟာ မတည်မြဲပါဘူးဟာ
တည်မြဲခြင်းဆိုတာမရှိသလို
တည်မြဲတဲ့ အချစ်ဆိုတာလဲမရှိပါဘူး
လူတွေကအရာရာပြောင်း လဲနေသလို
အချစ်ဆိုတာလဲပြောင်းလဲမှုရှိနေပါပြီ
နင့်ကိုငါတားခဲ့သားပဲ
နင်မှလက်မခံခဲ့တာ
အခုတော့နင်ခံစားရပြီပေါ့
နင့်ရင်ထဲမှာနင့်နေအောင်
ခံစားနေရပြီဆိုတာ
ငါသိပါတယ်ဟာ
ဒါပေမယ့် ဘယ်လိုလုပ်ပေးရမလဲ
ငါလဲမတတ်နိုင်ပါဘူးဟာ
တခုတော့ပြောချင်တယ်ဟာ
နင်သူ့ကိုအပြီးအပိုင်မေ့လိုက်တော့
နင့်ခေါင်းထဲကနေထုတ်လိုက်တော့
သူကနင့်ကိုတကယ်မချစ်ခဲ့ဘူး
မချစ်လို့သာ သူကနင့်ကိုမယုံကြည်တာ
သူကနင့်ကို အနိုင်ပိုင်းသွားတာ
နင့်အချစ်ကိုဆော့ကစားသွားတာ
နင့်ကိုသူများတွေ ပြောသလိုပဲ
သူကိုမယုံကြည်ရပါဘူးလို့
နင်ကယုံကြည်နေတာကို
အခုတော့သိပြီမှလား
နင်ကပြောမထွက်ပေမယ့်
နင့်ကိုသူကတော့ပြောထွက်တယ်လေ
နင်မျက်ရည်မကျပါနဲ့ဟာ
နင်အချစ်နဲ့မတန်တဲ့ လူတယောက်အတွက်
နင့်မျက်ရည်တွေအလကားဖြစ်ကုန်မှာပေါ
သူကတော့ နင့်အတွက်ခံစားနေမှာမဟုတ်ဘူး
သူကတော့ပျော်နေမှာပဲ
ဇာတ်လမ်းတပုဒ်ပြီးဆုံးသွားလို့လေ
နင်လဲပျော်ပျော်နေစမ်းပါဟာ
ရင်ထဲမှာလဲသိမ်းထားမနေပါနဲ့
သူပေးခဲ့တဲ့ အမှတ်တရတွေက
နင့်အတွက်ဘဝ တသက်တာ
ကြေကွဲစွာ နောင်တရနေအောင်
ပေးထားခဲ့တာတွေလေ
အဲဒါတွေကို နင်ရင်ထဲမှာပိုက်ထားမနေပါနဲ့
နင်အခုချက်ချင်းမမေ့နိုင်သေးဘူးဆိုတာ
ငါသိပါတယ်ဟာ
နင့်ခေါင်းထဲ နှလုံးသားထဲမှာ
သူကစိုးမိုးနေအုံးမှာပဲ
နင်သူကိုတွေ့ချင်နေသေးတာလား
မတွေ့ချင်ပါနဲ့ဟာ
သူကထွက်သွားတော့မှာ
ဟုတ်ဟုတ်မဟုတ်ဟုတ်
သူကသွားတော့မှာ
နင့်ကိုပြောတယ်လေ
သူသွားတော့မှာပါလို့
ဘာလို့နင်ကမယုံတာလဲ
သူ့မှာအစီအစဉ်က
အစောကထဲကရှိနေတာ
နေမှာပေါ့ဟာ
ကိစ္စတခုကိုအကွက်ချပြီးမှ
လုပ်တာနေမှာပါ
သူက ပုရွက်ဆိတ်တကောင်စာလောက်
ချစ်ပြတာကို နင်က
ဆင်ကြီးတစ်ကောင်စာလောက်
ချစ်တယ်ထင်နေတာကို
မှတ်ထား လောကကြီးမှာ
ဘယ်သူ့ကိုမှမယုံရဘူး
ကိုယ့်ကိုကိုယ်ရော ယုံရလို့လား
အချစ် အချစ် အချစ်တဲ့
လူတွေရဲ့နုတ်ဖျားတိုင်းမှာ
အချစ်ဆိုတာ အမြဲရှိနေတယ်
အဲဒီ့အချစ်တွေကရော
ထားပါတော့ 528ဆိုတဲ့
မေတ္တာတော့မပါဘူးပေါ့ဟာ
1500ဆိုတဲ့အချစ်
အဲအချစ်ဆိုတာကို
လူတွေကယုံကြည်နေကြတာ
1500ဆိုတဲ့ အချစ်က
တည်မြဲမှုမရှိဆုံးပဲ
အဲဒီ့အချစ်ကို
လူတွေကယုံကြည်နေတာ
ကိုးကွယ်နေတာ
အဲအချစ်က အလကားအချစ်
လူတယောက်ကိုဒုက္ခတွေပဲ
ပေးမယ့်အချစ် အဲဒါကို
သိသိရက်နဲ့ လူတွေက
ယုံကြည် ကိုးကွယ်နေကြတာ
နင်နားလည်စမ်းပါဟာ
ငါပြောချင်တာကတော့
အချစ်ဆိုတာက ဘဝအတွက်တော့
အစိတ်အပိုင်း တခုပါဟာ
တနေ့တော့ နင့်ကိုတကယ်ချစ်တဲ့သူ
နင့်ကိုတကယ်နားလည်ပေးနိုင်မယ့်သူ
နင့်ကိုယုံကြည်ပေးနိုင်မယ့်သူ ကို
နင်တွေ့မှာပါဟာ အခုတော့
နင့်အချစ် နင့်ယုံကြည်မှုတွေနဲ့
မထိုက်တန်တဲ့သူကို
နင်မေ့ပစ်လိုက်ပါတော့
သူငယ်ချင်းလေးရယ်..........။


အရာအားလုံးကပြီးဆုံးသွားရင်အစကပြန်စရစမြဲပဲ။
အရာရာဟာတည်မြဲခြင်းဆိုတာမရှိပါဘူး။
အရာအားလုံးဟာကိုယ့်နှလုံးသားနဲ့အံဝင်ခွင်ကျမှုမရှိဘူး။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum