CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

အချစ်ဆိုတာ…

Go down

အချစ်ဆိုတာ… Empty အချစ်ဆိုတာ…

Post  Admin Sat Aug 13, 2011 9:26 pm

(၁) တကယ့် အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာ ဖြစ်တယ်။ တကယ့် အချစ်ဆိုတာ စိုးမိုး ခြယ်လှယ်တာ မဟုတ်ဘူး။ အားပေး ထောက်ခံတာ ဖြစ်တယ်။ တကယ့် အချစ်ဆိုတာ စီစစ် မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာ ဖြစ်တယ်။

(၂) တကယ့် အချစ်ဆိုတာ ကျေးဇူး တင်တတ်ရသလို တောင်းပန်တတ်ရတယ်။ တကယ့် အချစ်ဆိုတာ ချစ်ခင်ကြင်နာ တတ်ရသလို ခွင့်လွှတ်နားလည် တတ်ရတယ်။ တကယ့် အချစ်ဆိုတာ အမှားကို ပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံ ရဲရတယ်။

(၃) တကယ့် အချစ်ဆိုတာ အချင်းချင်း စူးစိုက် ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာ တစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာ ဖြစ်တယ်။

(၄) တကယ့် အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့ လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာ ဖြစ်တယ်။

(၅) လက်ချင်းတွဲပြီ ဆိုတာနဲ့ လမ်းခွဲဖို့ စကားကို အလွယ်တကူ မပြောပါနဲ့တော့။

(၆) အချစ်ဆိုတာ လိုလိုလားလား ပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာ ဖြစ်တယ်။

(၇) ဆုံးရှုံးသွားမှ တန်ဖိုး ထားရကောင်းမှန်း သိတဲ့အထိ မစောင့်ပါနဲ့။ နာကျင် ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရ ကောင်းမှန်း သိတဲ့အထိ မစောင့်ပါနဲ့။ တချို့ အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစား ပြန်မရ နိုင်တော့ပါဘူး။

(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။ အထီးကျန်လို့ ချစ်တာ မဟုတ်ပဲ အချစ်ကြောင့် အထီးကျန်တာကို မခံစား ရတာပဲ ဖြစ်ပါစေ။

(၉) အချစ်က ထိခိုက် နာကျင်တာတွေ အားလုံးကို ကုစား ပျောက်ကင်း စေပါတယ်။

(၁ဝ) လူ့ဘဝ တစ်သက်မှာ အရသာကင်း ပျင်းရိ ငြီးငွေ့တဲ့ အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့ အချိန်တွေ ရှိပါတယ်။ လူ့စိတ် အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ “အချစ်″ ပါ။ အချစ်က လှပမှုတွေ ပေးသလို မျှော်လင့်ချက် ကိုလည်း ရှင်သန်စေ ပါတယ်။

(၁၁) အချစ်ရှိရင် အခက်အခဲ ဆိုတာ ဝန်တစ်ခု၊ ထမ်းပိုး တစ်ခု မဟုတ်တော့ပါဘူး။

(၁၂) လက်ရှိ ပိုင်ဆိုင်တဲ့ အချစ်ကို တန်ဖိုးထား မြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်း တမ်းတတာထက် ပိုအရာ ရောက်ပါတယ်။


အင်တာနက်ပေါ်က အချစ်လေးတွေပါ… ဘာသာပြန် မျှဝေခံစားပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Question I love you

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum