CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

Ultrasurf ဖြင့် Proxy အသုံးပြုခြင်း

Go down

Ultrasurf ဖြင့် Proxy အသုံးပြုခြင်း Empty Ultrasurf ဖြင့် Proxy အသုံးပြုခြင်း

Post  Admin Tue Sep 13, 2011 5:23 pm

Original Writer : Blogger LAy
Super copywriter : Mr. Zaw

Ultrasurf ကို သုံးရတာ Your Freedom ထက်ပို ပြီးတော့ လွယ်ကူ ပါတယ်။ ဒါ့အပြင် သူ့ရဲ့ file size ကလဲ သေး ပါတယ်။ Your Freedom ဆိုရင်Java ပါပါတဲ့ installer ရဲ့ ဆိုဒ်က တော်တော် ကြီး ပါတယ်။ Ultrasurf က Your Freedom လောက် မလေးပဲ ပေါ့ပေါ့ ပါးပါး ရှိပါတယ်။ Memory လဲ သိပ်မစားပါဘူး။ ဒါပေမယ့် ကျွန်တော် Your Freedom ကို မစွန့်လွှတ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ https နဲ့ ၀င်ရတဲ့ ၀က်ဆိုဒ်တွေအတွက် တခါတရံ (အမြဲမဟုတ်) အဆင် မပြေတတ်လို့ပါ။ သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် စသုံး ခဲ့ဖူး ပါတယ်။ ဘယ်လိုမှ ၀င်လို့မရတဲ့ အခါမျိုးတွေ မကြာ မကြာ ကြုံခဲ့ ရတဲ့ အတွက် Your Freedom ပဲ ပြန်သုံးဖြစ်ခဲ့ ပါတယ်။ အခု နောက်ပိုင်း ပြန်သုံး ကြည့်မိတော့ အဆင် ပြေပြေ connect လုပ်လို့ ရနေ ပြန်ပါတယ်။ Your Freedom လောက်တော့ ၀က်ဆိုဒ် တွေ အားလုံးကို အဆင် ပြေပြေ ၀င်လို့ မရပါဘူး။ ဒါတွေ ပြောနေလို့ စာဖတ် သူ့ကို မသုံး သင့်ဘူးလို့ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး၊ လွယ်လွယ် ကူကူ သုံးလို့ရတဲ့ အပြင် Your Freedom ထက် speed ပိုမြန်တဲ့ ဒီ software လေးကို မသုံး ဖူး သေးရင် စမ်းသုံး ကြည့်သင့် လှပါတယ်။သူ့ကို သုံးချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။

http://www.ultrareach.com/company/download.htm ကိုသွားပြီး ဒေါင်းလုဒ်လုပ်ပါ။

- ရလာတဲ့ zip file ထဲက ဖိုင်လေးကို harddisk တစ်နေရာရာမှာ ကူးပါ။သူ့ကို run ပါ။Manual Setting ကို ရွေးပါ။ Proxy Host မှာ 203.81.71.111 နဲ့ Proxy Port မှာ 9090 ရိုက်ပါ။ (စာဖတ်သူ့ ISP ရဲ့ Proxy address ကိုရိုက်တာပါ။) Connect ဖြစ်သွားရင် status မှာပြပေး ပါလိမ့် မယ်။IE လေးပွင့်လာရင် သုံးလို့ရပါပြီ။ (ကျွန်တော်သုံးကြည့်မိသလောက်တော့ IE7 မှာ ကိုယ်ဘာသာ 127.0.0.1 နဲ့ 9666 ဆိုပြီး ကိုယ်ဘာသာ ပြန်ပြင်ပေး ရပါတယ်) Firefox မှာ သုံးချင်ရင် Your Freedom သုံးရင် ပြင်ပေးရသလိုမျိုး ပြင်ပေးရပါတယ်။ သူ့ရဲ့ address ကတော့ 127.0.0.1 နဲ့ Port 9666 ပါ။


Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum