CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ပူပန်စိတ်တွေ များနေပြီလား

Go down

ပူပန်စိတ်တွေ များနေပြီလား Empty ပူပန်စိတ်တွေ များနေပြီလား

Post  Admin Fri Sep 09, 2011 9:38 pm

သူများတွေ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စတွေမှာ သင်က ချွေးစေးတွေ ပြန်၊ ရင်တွေ တုန်ပြီး အသက်ရှူ မဝတာတွေ ဖြစ်နေပါသလား။ ဒါက နှလုံးရောဂါ ထတာ (Heart attack)မဟုတ်ရင် ပူပင်သောကကြောင့် တုန်လှုပ်တာပဲ ဖြစ်ပါလိမ့်မယ်။ သင့် အနေနဲ့ ပူပင်သောကတွေ များနေရင် အရင်ဆုံး သင်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား ရပါလိမ့်မယ်။ ပူပင်စရာ ကိစ္စတွေ ပေါ်လာတိုင်း အလွန်အမင်း ထိတ်လန့် မနေဘဲ အေးဆေး တည်ငြိမ် နေစေဖို့ လိုက်နာ သင့်တဲ့ ထိန်းချုပ်နည်း အဆင့်ဆင့်ကို အကြံပြုလိုက် ပါတယ်။


၁) အကြံပေး ဆွေးနွေးမည့်သူ နှင့် တွေ့ ဆုံပါ။

အရင်ဆုံး သင် လုပ်သင့်တဲ့ အဆင့် ပါပဲ။ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို မိမိဘာသာ ကုသနေတာက ထိရောက်မှု မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်ရဲ့ ပူပင်သောကကို နားလည် ပေးနိုင်မယ့် ကျွမ်းကျင်တဲ့ စိတ်ပညာရှင် တစ်ဦးနဲ့ တွေ့ဆုံလိုက်ရင် သူ့အနေနဲ့ ဆေးဝါး ကုသမှု ဒါမှမဟုတ် တခြား ထိရောက်တဲ့ နည်းလမ်းကို လမ်းညွှန် ပါလိမ့်မယ်။


၂) ညမှာ အိပ်ရေးဝဝ အိပ်ပါ

အိပ်စက်မှု စက်ဝန်း အတွင်း သင့် ခန္ဓာကိုယ်က သူ့ဘာသာ ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ သင့်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့် ရောက်တဲ့ အထိ နာရီပေါင်း များစွာ အိပ်စက် အနားယူ ပေးမှသာ တကယ် အိပ်ရေးဝပြီး လန်းဆန်း နေမှာပါ။


၃) ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက သင့်ကို အောက်ဆီဂျင် ထိထိရောက်ရောက် သုံးနိုင်ဖို့ အကူအညီ ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိနှုန်း များစေပါတယ်။ အောက်ဆီဂျင် ရောက်ရှိနှုန်း များတာက အရာရာကို စိတ်ပူပင်သောက များစေတာထက် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။


၎) တရားထိုင်ပါ

တရားထိုင်တာက ဂါထာတွေ ရွတ်တာထက် ပိုပြီး စိတ်အေးချမ်းမှု ရရှိစေ ပါတယ်။ ယောဂ ကျင့်တာကလည်း စိတ်ကို ငြိမ်သက်စေပြီး အသက်ရှူတာကို ထိန်းချုပ် ပေးနိုင်ပါတယ်။ နေ့စဉ် ငါးမိနစ်ခန့် တရားထိုင်တာဟာ ပူပင်သောကကို တွန်းလှန် ပေးနိုင် ပါတယ်။


၅) ကိန်းဂဏန်း ရေတွက်ပါ။

သင့်အနေနဲ့ ပူပင်စိတ် ဖြစ်ပေါ်လာရင် ၁ဝ ကနေ သုည အထိ နောက်ပြန် ရွတ်ပါ။ အဲဒီလို ရွတ်တာကြောင့် စိတ်ပူပင်သောကကို ထိန်းချုပ်ပေးနိုင် ပါတယ်။

၆) အယ်လ်ကိုဟောကို မသုံးပါနှင့်

ဝိုင် တစ်ဖန်ခွက်က စိတ်ကို အပန်းပြေ စေနိုင်တယ် ဆိုပေမယ့် အယ်လ်ကိုဟောက စိတ်ဓာတ် ကျတာကို ဖြစ်စေနိုင် ပါတယ်။ ပူပင်သောက များစေတဲ့ အခြေအနေတွေမှာ အယ်လ်ကိုဟော ပါဝင်မှုများတဲ့ အရက်တွေကို အလွန်အမင်း သောက်တာက နောက်ထပ် ပြဿနာ တစ်ရပ်ကိုတောင် ဖြစ်စေနိုင် ပါတယ်။


၇) အပန်းပြေ စေသော လုပ်ဆောင်မှု

စိတ်ဖိစီးမှုက သင်ရဲ့ စွမ်းအင်တွေကို ခိုးယူ သွားနိုင် ပါတယ်။ ဒါကြောင့် ဖိစီးမှု ပြေပျောက်အောင် ဥယျာဉ် စိုက်ပျိုးတာ၊ ပန်းချီ ဆွဲတာ၊ စာဖတ်တာနဲ့ တေးသီချင်း နားထောင်တာတွေကို လုပ်ဆောင်သင့် ပါတယ်။ ပူပင်မှုက ဘဝမှာ တစ်ချိန် မဟုတ် တစ်ချိန် ကြုံနေရ မှာပါ။ ဒါက ပုံမှန် ပါပဲ။ ပူပင်သောကတွေကို မကြာခဏ ကြုံတွေ့ ခံစား နေရတာက သင့်ကို ဆိုးရွားတဲ့ ကျန်း
မာရေး အခြေအနေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ပူပင်သောကကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား သင့်တာ ဖြစ်ပါတယ်။

ဒီနေရာလေးက ဖတ်ပြီးပြန်တင်ပေးတာပါ

ဘ၀အတွက် တနေ့တာရုန်းကန်လှုပ်ရှားရင်း .... နေ့စဉ် ဖြတ်သန်းရတဲ့ အချိန်လေးမှာ စိတ်ပူပန်မှုတွေ များနေတဲ့ မောင်နှမများ အတွက်..ဒီစာလေး ဖတ်မိပြီး နည်းလည်းလေးများ သိနိုင်စေရန် ဖတ်မိတာလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ကောင်းကင်တမိုးအောက်မှာ ပျော်ရွှင်တဲ့နေ့ရက်များကို အားလုံး ပိုင်ဆိုင်ရရှိပြီး အနာဂတ်နေ့ရက်များကို ပူပင်သောကကင်းဝေးစွာ ဖြတ်သန်းနိုင်ကြပါစေ.... အားလုံး ချမ်းမြေ့ပါစေ...........

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum