CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

“ပိုပြီးသိမှ ပိုထိခိုက်မှာစိုး”

Go down

“ပိုပြီးသိမှ ပိုထိခိုက်မှာစိုး” Empty “ပိုပြီးသိမှ ပိုထိခိုက်မှာစိုး”

Post  Admin Tue Aug 16, 2011 4:52 pm

ရထားစတင်ထွက်ခွါစပြုတဲ့အချိန်မှာပေါ့ .. လူကြီး ၊ လူငယ် ၊ ကျောင်းသူ ၊ အလုပ်သမား အလွှာအတန်းအစားအသီးသီးက လူတွေ ရထားပေါ်မှာ စီးနင်းလိုက်ပါလာတုံး ပြတင်းပေါက်ဘက်က ထိုင်ခုံတနေရာမှာတော့ အသက်(၃ဝ)အရွယ် လူငယ်တစ်ယောက်က အသက်ကြီးကြီးလူတစ်ယောက်နဲ့အတူ ထိုင်နေတယ် ။

ရထားထွက်ထွက်ချင်းမှာပဲ ခုန လူငယ်က “အဖေ .. ကြည့်ပါဦးဗျာ ..အပင်စိမ်းစိမ်းတွေကို မြင်ရတဲ့ မြင်ကွင်းကလှလိုက်တာ ..”

မထူးဆန်းတဲ့ မြင်ကွင်းတွေကိုကြည့်ြ့ပီး သူအဲ့လိုပြောတာကို ကြားရသူအပေါင်း အံ့အားသင့်သွားပြီး တိုးတိုးတိုးတိုးနဲ့ သူ့ကို ဝေဖန် ပြောဆိုနေကြတယ် ။

အဲ့ဒီအချိန်မှာ မိုးစရွာလာတယ် ။ မိုးရေစက်တွေ ပွင့်နေတဲ့ပြတင်းတံခါးဝကနေ လာစင်တာကိုကြည့်ြ့ပီး သူက ပျော်ရွှင်နေတဲ့ပုံနဲ့ သူ့အဖေကို ထပ်ပြောပြန်တယ် ။

“ အဖေ ..မိုးရေစက်တွေက လှလိုက်တာဗျာ .. နော် “

အဲ့ဒါကို ကြားသွားတဲ့ သူ့ဘေးနားက မိန်းမကြီးက နဂိုကမှ မိုးတွေလာစင်လို့ စိတ်တိုနေတဲ့သူဆိုတော့ ကောင်လေးရဲ့ အဖေကို “အဘိုးကြီး ကိုယ့်သားကိုယ် ထိန်းပါဦး။ နေမကောင်းဘူးဆိုရင်လဲ စိတ်ရောဂါကုဆေးရုံပို့လိုက် ။ လူတွေကြားမှာတော့ အနှောက်အယှက်မပြုမိစေနဲ့ ။”

ကောင်လေးရဲ့ အဖေက မိန်းမကြီးရဲ့စကားကို ခဏငြိမ်သက်သွာ နားထောင်နေတယ် ။ ပြီးမှ တွန့်တွန့်ဆုတ်ဆုတ်နဲ့ပြောတယ်။

“ကျွန်တော်တို့ ခုပဲ ဆေးရုံကပြန်လာကြတာပါ ။ ကျွန်တော့်သားလေးက မွေးကတည်းက မျက်စိမမြင်ရသူလေးပါ။ ဒါပေမဲ့ အံ့သြစရာပါပဲ ။ အရင်တပတ်ကမှ သူ့အမြင်အာရုံပြန်ကောင်းလာတယ် ဆိုပြီး အခု ဆရာဝန်က ဆေးရုံးကဆင်းခွင့် ပြုလိုက်တာပါ ။ မိုးရေတွေနဲ့ ဒီသဘာဝမြင်ကွင်းတွေက အခုမှ သူ့အတွက်မြင်ကွင်းသစ်ဖြစ်နေလို့ပါ ။ အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ ... တဲ့ ။”

လောကမှာ တခါတခါ တချို့အဖြစ်ပျက်တွေက ကိုယ်မြင်နေရတဲ့ ကိုယ့်ရှုထောင့်ကကြည့်ရင် မှန်နေသလိုပါပဲ ။ တကယ့် နောက်ကွယ်က အကြောင်းရင်းတရပ်ကို မသိရသေးသရွေ့ပေါ့ ။ တကယ်လို့များ အဲ့ဒီအကြောင်းတရားကို သိသွားခွင့် ရလိုက်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေဟာ ကိုယ့်ကို ပြန်ပြီးထိခိုက်ကြေကွဲစေပါတယ် ။ ဒါ့ကြောင့် တခါတလေ ဆိုးရွားပြင်းထန်တဲ့ ဝေဖန်တုံ့ပြန်မှုတွေမလုပ်ခင် အကြောင်းအရာတစ်ခုကို သေသေချာချာ နားလည်အောင်ကြိုးစားပါ ။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum