CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ခုနစ်ရက်သားသမီးများအတွက်ဗေဒင်(မှန်ကြောင်း အာမခံ၏)

Go down

ခုနစ်ရက်သားသမီးများအတွက်ဗေဒင်(မှန်ကြောင်း အာမခံ၏) Empty ခုနစ်ရက်သားသမီးများအတွက်ဗေဒင်(မှန်ကြောင်း အာမခံ၏)

Post  Admin Mon Aug 15, 2011 5:16 pm

တနင်္ဂနွေ

မရွယ်ဘဲ စော်ကဲမင်း ဖြစ်တတ်သော ကာလဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေ သားသမီးများ အပျိုကြီး၊ လူပျိုကြီးများကို ရှောင်နိုင်ရန် ကြိုးစားပါ။ တနင်္ဂနွေ သားသမီး အပျိုကြီး၊ လူပျိုကြီးများ အနေဖြင့်မူ စိုင်ကော်၍ ခြုံပေါ်ရောက်မည့် ကာလဖြစ်သည်။ သို့သော်လည်း ကံအကြောင်း မလှပါက ဆူးခြုံပေါ်ရောက်သွားနိုင်သည်ကို သတိချပ်ပါ။ စီးပွားရေးတွင် တနေ့တခြား ဆူနာမီအလား တိုးပွား၍ ပိုက်ဆံများ ထားစရာ နေရာမရှိ ဖြစ်နေတတ်သည်။ စိတ်မပူပါနှင့်။ သံလွင်ဗေဒင်က၀ိထံ စိတ်ချလက်ချ အပ်နှံပါက ပြန်မရနိုင်ကြောင်း အာမခံပါသည်။ ကျန်းမာရေး ကောင်းလွန်း၍ ဘူဖေး၊ ဟော့ပေါ့၊ အသားကင် စသဖြင့် စားသမျှ ၀င်ကာ စူဇကာပုဏ္ဏားလက်သစ်ဟု အများက ထင်ကြမည်။ သို့ရာတွင် စားသမျှ အရာတို့မှာ သူ့အလိုလို ပြန်ထွက်သွားမည် ဖြစ်သော်လည်း ထွက်သွားသည့် ငွေများကတော့ သူ့အလိုလို ပြန်ဝင်လာတော့မည် မဟုတ်ချေ။ ပညာရေးတွင် ကြိုးစားသမျှ အရာမထင်ဖြစ်ကာ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေတတ်သည်။ စိတ်မပျက်ပါနှင့်။ ယတြာအဖြစ် အရာထင်စေရန် ကြိမ်လုံးကြီးကြီး တစ်ချောင်းကို အိမ်စာလုပ်မသွားသည့်နေ့တွင် အရိုက်ကြမ်းသည့် ဆရာမအား လက်ဆောင်ပေးပါ။ မှန်းချက်နှင့် နှမ်းထွက် မလွဲစေရန်မူ ထန်းလျက်ခဲကို အလုံးလိုက် မျိုချပါ။





တနင်္လာ

အစာရေစာရှားပါးနိုင်သော ကာလဖြစ်သည်။ ထို့ကြောင့် သိုလှောင်ထားသမျှ အကုန် မစားပဲ ထမင်းတခါစားလျှင် ထမင်းစေ့ ငါးဆယ်ခန့်မျှလည်းကောင်း၊ ပဲဟင်းချက်စားလျှင် ပဲစေ့ သုံးဆယ် ခန့်မျှ လည်းကောင်း ရေတွက်၍ စားပါလေ။ ယခုကဲ့သို့ ချွေတာ စားနိုင်ပါမှ အသက်ဆက်လက်၍ ရှင်သန်နိုင်ပေမည်။ သူငယ်ချင်းအပေါင်းအသင်းများကို အိမ်သို့ အလာမခံပါနှင့်။ အခန့်မသင့်ပါက သူတို့ ပြန်သွားသောအခါ ကြာသပတေးနံများပါသွားတတ်သည်။ ဥပမာ။ ။ ဖိနပ်၊ ပုရွတ်ဆိတ်၊ ဗီဒီယိုပြစက်။ ကျန်းမာရေးနှင့် ပတ်သက်၍ သွားနာတတ်သောကြောင့် အပြင်သွားတိုင်း တုတ်ချောင်းတစ်ချောင်းကို ကိုက်သွားပါလေ။ သို့မဟုတ်ပါက သွားကိုက်တတ်သည်။ ပညာရေးအညံ့ရှိသောကြောင့် ဖြေစရာရှိသော စာမေးပွဲများကို မခိုးချပဲ မဖြေပါနှင့်။ ခိုးချမှ အောင်နိုင်မည် ဖြစ်သည်။ ထိုအညံ့များ အကုန်ပျောက်စေရန် ယတြာအနေဖြင့် ကုန်းမြင့်တစ်ခုပေါ်တက်ပြီး “ကွိကွိကွကွ ခိခိခိခိ” ဟု အကြိမ် ၂၀ အော်ပါလေ။



အင်္ဂါ

အဆိုးများပျောက်၍ အကောင်းဆုံးများရောက်သော ကာလဖြစ်သည်။ လုပ်ငန်းများတိုးတက်အောင်မြင်ေ

သာကြောင့် စီးပွားဥစ္စာဒီရေ အလား တိုးတက်သောကာလ ဖြစ်မည်။ မိုးရေကိုသာ ခံထားလိုက်ပါ တချိန်မဟုတ် တချိန်တွင် ရွှေရည်များပြောင်းသွားလိမ့်မည်။ မပြောင်းပါက မပြောင်းပါဟုမှတ်ယူလိုက်နိုင်သည်။ နောက်ကျောကို ဓားနှင့် ထိုးသော မိတ်ဆွေ ရှိနိုင်သောကြောင့် လူများနှင့် စကားပြောလျှင် နောက်ကျောမပေးထားပါနှင့်။ မျက်နှာချင်းဆိုင်ပြောဆိုခြင်းကြောင့် ရင်ဘတ်တည့်တည့်သို့ ဓားဖြင့် ထိုးနိုင်ရန် အခွင့်အရေးပေးရာ ရောက်မည်ဖြစ်သည်။ လေနာ၊ လေအောင့်၊ လေဖျန်း၊ လေလည်တတ်သဖြင့် အများနှင့် သက်ဆိုင်သော နေရာများသွားလျှင် သတိဝိရိယရှိနေပါစေ။ အသင့်အနေအထားရှိနေပါစေ။ ပညာရေးတွင် လုပ်သမျှ ဖြစ်နေမည် ဖြစ်သောကြောင့် ဘာမျှ လုပ်မနေပါနှင့်တော့။ ငယ်ရွယ်သူများအချစ်ရေးတွင် ဖလန်းဖလန်းထ နေမည်ဆိုသကဲ့သို့ စန်းပွင့်လွန်းသဖြင့် နေကာမျက်မှန်အမည်းတတ်ပြီး နေပါလေ။ ယတြာအနေဖြင့် အင်္ဂါသားသမီး မိတ်ဆွေများထံ “စားနိုင်ရင်စား မစားနိုင်ရင်သေ” ဟု ရေးပြီး စာပို့လိုက်ပါ။







ဗုဒ္ဓဟူး

ကံကကောင်းပေမယ့် အကြောင်းကမလှဖြစ်နေသော ကာလဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေသလောက် ကျန်းမာရေး အညံ့ရှိနေမည်။ ဥပမာ ဆေးရုံလုပ်ငန်း၊ ဆေးခန်းလုပ်ငန်းများ အကျိုးပေးမည်ဖြစ်ပြီး အဓိက အရေးအကြီးဆုံးဖောက်သည်မှာလည်း ကိုယ်တိုင်ပဲ ဖြစ်နေတတ်သည်။ ဈာပနအခန်းအနားလုပ်ငန်း၊ အခေါင်းရောင်းသော လုပ်ငန်းများ လုပ်မည် ဆိုပါက အသေအချာ စဉ်းစားရန်လိုမည်။ ချစ်သူခင်သူများ ပေါများလွန်းသဖြင့် Facebook အကောင့် သုံးခုထားရသည်အထိဖြစ်မည်။ ခရီးသွားလျှင် အနောက်အရပ်သို့ သွားပါက အနောက်အရပ်သို့ ရောက်မည် ဖြစ်သောကြောင့် အရှေ့အရပ်သို့ ရောက်ချင်ပါက အရှေ့အရပ်သို့ သွားပါလေ။ ပညာရေးမှာ ကံကောင်းသဖြင့် စာမေးပွဲအောင်မည်ဖြစ်သော်လည်း ထိုအောင်လက်မှတ်ကို မည်သူမျှ အသိအမှတ်ပြုမည်မဟုတ်ပါ။ ချစ်သူရည်းစားအတွက် ပျော်ရွှင်ကြည်နူးရမည် ဖြစ်သော်လည်း ခဏတာမျှသာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ချစ်သူရည်းစား၏ အတွင်းအကျဆုံးနေရာများတွင် အရေပြားရောဂါ၊ ယားနာများ ရှိနေနိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။ ဗုဒ္ဓဟူးသားသမီးများအတွက် ယတြာမှာ ကောင်းကင်တခွင် မိုးအောက်မြေပြင် အဆိုးဟူသမျှ ဆန့်ကျင်ကြဟူသော ရွှေပေလွှာထုတ်၍ ခုနှစ်ရက်သားသမီးကို ဝေပါလေ။





ကြာသပတေး

ကြာသပတေးသားသမီးများ ကံဇာတာ ကောင်းတလှည့် ဆိုးတလှည့် ကြုံရသည့်ကာလဖြစ်သည်။ ကောင်းသည့်အခိုက်တွင် မိန်းကလေးဖြစ်က တရုတ်မင်းသမီး လင်ရှောက်ရှာနှင့်အပြိုင် နင်လားငါလား ကြော့ရှင်းလှပကာ ပိုးပန်းသူ ကာလသားများနှင့် ၀ိုင်းဝိုင်းလည်နေတတ်သည်။ သို့သော် အိမ်ထောင်ကျကိန်းမရှိသေး၍ ထိုကာလသားများမှာ ကာလသားရောဂါ ရှိနေကြောင်း အချိန်မီ သိရှိခွင့်ရမည်။ ယောက်ျားလေးဖြစ်ကလည်း မင်းကုသလို ရုပ်ဆိုးသော်ငြား လင်ရှောက်ရှာကဲ့သို့ မိန်းမလှလေးမျိုးနှင့် ဖူးစာဆုံကိန်း ကြုံရအံ့။ သို့သော် ထိုမိန်းကလေးမှာ အိမ်ထောင်ကျပြီးဖြစ်၍ လူပျိုကြီး အနေဖြင့်သာ အရိုးထုတ်ရအံ့။ ကံဇာတာဆိုး ကြုံသည့်အခိုက်တွင်ကား အခက်အခဲမျိုးစုံအား ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန် ကျော်လွှားရကိန်းရှိပြီး အနည်းဆုံး အရက်မသောက်ဘဲ မူး၍ ရမ်းခြင်းကြောင့် ရုံးရောက်ဂါတ်ရောက် ဖြေရှင်းရကိန်းများနှင့် လူကြားထဲတွင် လေခဏခဏ လည်မိခြင်းကဲသို့သော လေနာရောဂါ ကျန်းမာရေးအညံ့များ ကြုံရတတ်သည်။ ယတြာအနေဖြင့် ကြာသပတေးနေ့ နံနက်စောစော မိုးမလင်းတလင်းအချိန်တွင် ပဲပြုတ်သည်အား ပေါင်ဒါ အပြည့်ရိုက်၍ ဖွေးဖွေးဖြူနေသော မျက်နှာဖြင့် ပီပီပြင်ပြင် ပြုံးပြပါ။ အဆိုးများ ပြေအံ့။ မပြေသော်ကား တရားနှင့်သာ ဖြေပါလေ။



သောကြာ

အကောင်းများချည်းသာ ကြုံသော ကာလဖြစ်နေပြီး အဆုံးသတ်တွင်မှ အသက်အန္တရာယ် ကြုံကိန်းပေါ်လတ္တံ့။ ပုံးပေါက်၊ ပလုံးပေါက် အရောင်းအ၀ယ် ဖြစ်ထွန်းသော ကာလဖြစ်ပြီး ငွေကို ဗုံးပေါလအော သုံးစွဲရအောင် ချမ်းသာကြွယ်ဝအံ့။ ချာပါတီ၊ ပါပလာ စသော အိန္ဒိယတိုင်းသားတို့၏ အစားအစာများ မှတ်ပုံတင် ရောင်းချခြင်း လုပ်ငန်းများမှလည်း စီးပွားလာဘ်လာဘ ပေါကြွယ်အံ့။ အပ်၊ နားဖားကလော်၊ ဓား၊ ပလယာ စသော လက်နက်ကိရိယာများအား မှောင်ခိုတင်သွင်းခြင်းလုပ်ငန်း

များ လုပ်ကိုင်ရာမှာ နျူကလီးယား၊ မျက်ရည်ယိုဗုံးများအား စက်ရုံတည် ထုတ်လုပ်ဖြန့်ချီရန် အဆက်အသွယ်ရအံ့။ သို့သော် မိမိစက်ရုံတွင် သွားလည်ခိုက် မတော်တဆ စက်ချို့ယွင်းမှုမှ ပေါက်ကွဲမှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးကိန်းကြုံလတ္တံ့။ ထို့ကြောင့် မည်သည့် စီးပွါးရေးမျှ မလုပ်ကိုင်ပဲ တစ်သက်တာ ဘုန်းကြီးဝတ်ပါလေ။ အသက်ရှည်အံ့။ ယတြာအနဖြင့် ပါးနှစ်ဖက်၌ သံပုရာသီး ငုံကာ သေသောသူသည် သုဿာန်သို့သွားသည် ဟု သက်စေ့ ဆယ်ခါပြန် ရွတ်ပါ။



စနေ

ရာဟြုဂိုလ် စီးနင်းနေသော ကာလဖြစ်၍ ရောက်လေရာ အရပ်၌ လေပေးဖြောင့်ကာ လူချစ်လူခင်ပေါအံ့။ သို့သော် လေများလွန်းပါက လေဆင်နှာမောင်း ဖြစ်သွားတတ်သည်ကို သတိထားပါ။ အချစ်ရေး ကံကောင်းနေသဖြင့် အိမ်ထောင်ကျကိန်း ကြုံအံ့။ ကံဇာတာမှာ တိုင်ထိပ် ရောက်နေသဖြင့် အပိုဆု အနေနှင့် ကလေး နှစ်ယောက်မှ သုံးယောက်အထိ အဆစ်သော်လည်းကောင်း သမီးနှင့် ယူရန် ရည်ရွယ်ထားရာမှ အမေမုဆိုးမနှင့်သော်လည်းကောင်း ချမ်းချမ်းသာသာ လက်ထပ်ရကိန်း ကြုံအံ့။ ထီပေါက်ကိန်းလည်းကြုံပါမည်။ သို့သော် ထီလက်မှတ် ပျောက်ကာ ထီဖိုးအကြွေးတင်လတ္တံ့။ ကျန်းမာရေးမှာ ထိပ်ခတ်နာ၊ ခွာနာလျှာနာကဲ့သို့ သော အပယိက ဝေဒနာများမှလွဲ၍ ကျန်းမာအံ့။ ရည်မှန်းကြံစည်ထားသည်များ အောင်မြင် အထမြောက်ရန်အလို့ငှာ စနေသားသမီး အဖေါ်ခေါ်၍ ထိုင်ထိပ်မှ ဒူဝေေ၀ ကိုးခေါက် အော်ကာ တိုင်အောက်မှ သူငယ်ချင်းကို ကိုးပတ် ပတ်ပါစေ။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum