CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ပေါ့ပေါ့ပါးပါးဥာဏ်စမ်း ..

Go down

ပေါ့ပေါ့ပါးပါးဥာဏ်စမ်း ..  Empty ပေါ့ပေါ့ပါးပါးဥာဏ်စမ်း ..

Post  Admin Sun Aug 14, 2011 9:34 pm

ဒီဥာဏ်စမ်းကို ဖတ်သူဖြေဖူးသူတွေ ရှိကြမှာပါ။ မသိသေးသူတွေအတွက် ဦးနှောက်လေးတွေ လှုပ်ရှားကြည့်နိုင်အောင် ထပ်ဆင့်ဝေမျှလိုက်ပါတယ်။ အောက်က မေးခွန်း (၄)ခုကို ဖတ်ပြီး စဉ်းစားချိန် မပေးဘဲ ချက်ချင်းဖြေကြည့်ပါ။ သင့်ဦးနှောက် ဘယ်လောက် ပြေးနိုင်မလဲ?



မေးခွန်း (၁) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နံပါတ်(၂)ကို သင်ဖြတ်ကျော်ခဲ့ပြီဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်...လဲ?



မေးခွန်း (၂)ကို ဖြေတဲ့အခါ မေးခွန်း(၁)လောက် အချိန်မပေးပါနဲ့။



မေးခွန်း (၂) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နောက်ဆုံးလူကို သင်ဖြတ်ကျော်ခဲ့တယ်ဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်လဲ?



မေးခွန်း (၃)က အလှည့်အစား ပုစ္ဆာလေးတစ်ပုဒ်ပါ။ ဘာအကူမှ မယူဘဲ အောက်ကပေးထားတဲ့ ဂဏန်းတွေကို စိတ်တွက်နဲ့ပဲ တွက်ကြည့်ပါ။



မေးခွန်း(၃) ၁ဝဝဝ ကို ၄ဝပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၃ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၂ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၁ဝ ထပ်ပေါင်းပါ စုစုပေါင်း ဘယ်လောက်ရမလဲ?



ဒီနေ့ဟာ သင့်အတွက် ပြဿဒါးနေ့ ဆိုခဲ့ရင်တောင် မေးခွန်း(၄)ကို သင်ကောင်းကောင်း ဖြေနိုင်လိမ့်မယ် ထင်ပါတယ်။



မေးခွန်း(၄) Mary အဖေ့မှာ သမီး ၅ယောက်ရှိတယ်။ ပထမသမီးက Nana၊ ဒုတိယသမီးက Nene၊ တတိယသမီးက Nini၊ စတုတ္ထသမီးက Nono၊ ပဉ္စမ သမီးနာမည်က ဘာလဲ?





အဖြေ နံပါတ် (၁) လို့ ဖြေခဲ့ရင် သင့်အဖြေဟာ မှားသွားပါပြီ။ နံပါတ် ၂ကိုပဲ ဖြတ်ခဲ့တာလေ... နံပါတ် ၂ နေရာကိုပဲ သင်ရမှာပေါ့။ အဖြေ နောက်ကရေရင် ဒုတိယလို့ သင်ဖြေအုန်းမလား? ဒါဆိုရင် မှားပြန်ပြီနော်။ နောက်ဆုံးလူပါဆိုမှ သင်ဘာဖြစ်လို့ နောက်ဆုံးကို ပြန်ပြေးချင်ရသလဲ?

အဖြေ အဖြေက ၅ဝဝဝ လား? အမှန်က ၄၁ဝဝ ဖြစ်တယ်။ မယုံရင် ချတွက်ကြည့်ပါ။

အဖြေ အဖြေက Nunu လား? လုံးဝမဟုတ်ပါဘူး။ မေးခွန်းကို ထပ်ဖတ်ကြည့်ပါ Mary ဖြစ်ပါတယ်။





အားလုံးအတွက် အပျင်းပြေလေးပါ။ အားလုံးတော်ကြပါတယ်။ တပျော်တပါး ဝင်ဖြေကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အဖြေမှန်သူ၊ မမှန်သူများ စားမယ်ဝါးမယ်မှာ ကြိုက်တာ ဝင်စားနိုင်တဲ့အကြောင်း....း) afro

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum