CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

မေးခွန်းလေးတွေ ဖြေကြည့်ရအောင်

Go down

မေးခွန်းလေးတွေ ဖြေကြည့်ရအောင်  Empty မေးခွန်းလေးတွေ ဖြေကြည့်ရအောင်

Post  Admin Thu Sep 29, 2011 10:43 pm

မေးခွန်း(၁)။ ကော်ဖီကောင်းကောင်းရဖို့ အချိန်ခုနစ်နှစ်စောင့်ရတယ်..

> ၀ီစကီကောင်းကောင်းတစ်ခွက်ရဖို့ အနှစ်နှစ်ဆယ်စောင့်ရတယ်..

> ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်စောင့်ရတယ်..

> နှလုံးသားအတုကိုတွေ့ဖို့ မျက်တောင်တစ်ခတ်စာစောင့်ရတယ်..

> အချစ်စစ်တစ်ခုကိုတွေ့ဖို့ အချိန်ဘယ်လောက်ကြာအောင်

> စောင့်ရမလဲ......????



> မေးခွန်း(၂)။ အချစ်ဆိုတာကိုယ့်ရင်ထဲမှာ အစကတည်းကရှိနေတဲ့အရာလား...

> ဒါမှမဟုတ်... လူတစ်ယောက်ကိုတွေ့တော့မှ

> ပေါက်ဖွားရှင်သန်လာတဲ့အရာလား..

> သူ့ကြောင့်အချစ်ဆိုတာဖြစ်လာတာလား....????



> မေးခွန်း(၃)။ လူတစ်ယောက်ကို ကြိုက်ပြီးမှချစ်တာလား..

> ဒါမှမဟုတ်.. ချစ်ပြီးမှသူ့ကိုကြိုက်သွားတာလား...

> အကြိုက်နဲ့အချစ်က ဘယ်ဟာကအရင်ဖြစ်သလဲ..

> ဘယ်လိုရောဆက်စပ်နေတယ်လို့ထင်လဲ....????

>

> မေးခွန်း(၄)။ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်

> နားလည်မှုအပြည့်ရှိနေခဲ့ရင်.

> ဘယ်တော့မှမဝေးတော့ဘူးလို့ထင်ပါသလား..

> အရာရာအဆင်ပြေပြီလို့ထင်ထားသလား....????

>

> မေးခွန်း(၅)။ လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာကို ပတ်ဝန်းကျင်ရဲ့အမြင်နဲ့

> ဆုံးဖြတ်မှာလား..

> ကိုယ့်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလား.. ဒါမှမဟုတ်....

> အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာလား...????



> မေးခွန်း(၆)။ လူတစ်ယောက်ကို နားလည်ရတာနဲ့ ခွင့်လွှတ်ရတာ

> ဘယ်ဟာကပိုခက်မလဲ....????



> မေးခွန်း(၇)။ ဗယ်လင်တိုင်းဒေး ရယ်၊ ကိုယ့်ချစ်သူက

> ကိုယ့်ကိုအဖြေပေးတဲ့နေ့(သို့) ကိုယ့်ချစ်သူကို ကိုယ်ကအဖြေပေးလိုက်တဲ့နေ့၊

> ချစ်သူတွေစဖြစ်တဲ့နေ့ကို နှစ်ပတ်လည်ကြုံလာတဲ့နေ့ (Anniversary

> Day) အဲဒီနေ့နှစ်ခုမှာ ဘယ်နေ့က ကိုယ့်အတွက်

> ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ ထင်လဲ...????



> မေးခွန်း(၈)။ လူတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင် ကိုယ့်ရဲ့မကောင်းတဲ့အချက်

> တချို့တလေကို အဲဒီလူအတွက်ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ဟုတ်လား....????



> မေးခွန်း(၉)၊ တစ်ခါတလေမှာ အချစ်တွေဟာလှည့်ဖြားတတ်တယ်..

> လူတစ်ယောက်ကိုချစ်တယ်ထင်ပြီးမှ တကယ်မချစ်တာမျိုးပေါ့..

> လူတစ်ယောက်ကို တကယ်ချစ်မချစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ....????



> မေးခွန်း(၁၀)။ အချစ်စစ်တစ်ခုရှိတယ်ဆိုပါတော့...

> အဲဒီအချစ်မှာ အရင်စချစ်ရတဲ့သူက ပိုချစ်တတ်တဲ့သူလား...

> ဒါမှမဟုတ်.. ပိုချစ်ရတဲ့သူလား....????



> မေးခွန်း(၁၁)။ လူတစ်ယောက်ကိုချစ်မိသွားတယ်ဆိုရင် ယုံကြည်ခြင်းက

> ကပ်ပါသွားတတ်လား....????





> ကဲ.. ဘယ်လိုလဲ သူငယ်ချင်းတို့ရေ..

> ဖြေပြီးသွားကြပြီလား..

> ဒါဆိုရင်.. နင်တို့ရဲ့အဖြေနဲ့ အခုရှိတဲ့အဖြေတွေနဲ့ ဘာတွေကွာခြားလဲ၊

> ဘာတွေတူညီလဲ ဆိုတာ ဆက်ကြည့်ရအောင်နော်.....





> အဖြေ(၁)။ အချစ်စစ်ကိုစောင့်ရမယ့် သတ်မှတ်ချိန်မရှိပါဘူး..

> အချစ်စစ်က သူရောက်လာမယ်လို့ကြိုတင်အကြောင်းကြားမထားပါဘူး...။



> အဖြေ(၂)။ ချစ်တတ်တဲ့စိတ်အခံက လူတိုင်းမှာရှိပြီးသားပါ..

> ကိုယ်ချစ်သွားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တဲ့အခါမှ..

> ရင်ထဲကအချစ်ဆိုတာ

> ပိုပြီးပီပြင်လာပြီးခံစားမှုအားကောင်းသွားတတ်တယ်...။



> အဖြေ(၃)။ နှစ်ခုစလုံးဖြစ်နိုင်ပါတယ်..

> ယေဘုယျအားဖြင့်တော့.. ကြိုက်ပြီးမှ(နှစ်လိုစိတ်ဝင်စားမှု)

> ချစ်စိတ်ဝင်လာတာများပါတယ်..

> ကာလတို၊ ကာလရှည် ကိုယ့်ခံစားမှုနဲ့လိုက်ပြီး

> အချစ်စိတ်တွေတဖြည်းဖြည်းရင့်သန်လာပါတယ်...။



> အဖြေ(၄)။ ချစ်သူတွေကြားမှာ နားလည်မှုရှိရင် တော်တော်များများ

> အဆင်ပြေနိုင်ပါတယ်..

> ဒါပေမယ့်.. တစ်ယောက်ယောက်ကထားခဲ့ရင်တော့ ဝေးရမှာပါ...

> တစ်ခါတလေမှာ အချစ်ဟာ ကံနဲ့ဆိုင်တတ်ပါတယ်...။



> အဖြေ(၅)။ အဓိကကျတဲ့ ဆုံးဖြတ်ချက်ကိုချတော့မယ်ဆိုရင်တော့

> အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာပါ...။



> အဖြေ(၆)။ လူတစ်ယောက်ကိုနားလည်ရတာက ပိုခက်တတ်ပါတယ်...။



> အဖြေ(၇)။ Valentine's Day ဆိုတာ အများနဲ့ဆိုင်တဲ့နေ့ပါ..

> ကိုယ့်ချစ်သူက ကိုယ့်ကိုအဖြေပေးလိုက်လို့သာ Valentine's day

> ဆိုတာပိုပြီးပီပြင်သွားတာပါ..

> ချစ်သူတွေရဲ့ နှစ်ပတ်လည်နေ့တွေက တစ်ယောက်နဲ့တစ်ယောက်

> ဘယ်လောက်သည်းခံပြီးနားလည်ပေးကြသလဲဆိုတဲ့

> ဂုဏ်အင်္ဂါတွေကိုဖော်ပြနေပါတယ်...။



> အဖြေ(၈)။ များသောအားဖြင့်ကတော့ ဖြစ်နိုင်ပါတယ်..

> ဒါပေမယ့် မျှော်လင့်ချက်သိပ်မထားတဲ့အချစ်ကတော့

> ကိုယ့်အတွက်ပိုကောင်းပါတယ်...။



> အဖြေ(၉)။ သေချာတာတစ်ခုကတော့ လူတစ်ယောက်ကိုရင်ထဲမှာ နှစ်နှစ်ကာကာ

> ချစ်မိနေပြီဆိုရင် ဒါဟာ အချစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာမလိုအောင်

> တိကျသေချာခိုင်မာနေတတ်ပါတယ်..

> ကိုယ့်ကိုကိုယ်သံသယရှိနေရင် အချိန်ကာလရဲ့

> အဆုံးအဖြတ်ကိုယူနိုင်ပါတယ်...။



> အဖြေ(၁၀)။ အရင်စချစ်ရတဲ့သူကပိုချစ်ရတဲ့သူပါ...

> ဒါပေမယ့်.. နောက်ပိုင်းမှာ

> အချစ်ချင်းညီးသွားတာမျိုးလည်းရှိတတ်ပါတယ်...။



> အဖြေ(၁၁)။ လူတစ်ယောက်ကို ချစ်မိသွားရင် ယုံကြည်ခြင်းဆိုတာ

> ကိုယ့်အတွက်တော့ အလိုလိုရောက်လာတတ်စမြဲပါ...

> သူ့ကိုကိုယ်က ယုံကြည်နေတာက ကိုယ့်ရဲ့ချစ်ခြင်းဖြစ်ပြီး..

> သူကယုံနိုင်စရာ ကောင်း၊ မကောင်းဆိုတာကတော့

> သူ့အပိုင်းပဲဖြစ်ပါတယ်...။





သူငယ်ချင်းတွေအားလုံး အချစ်စစ်နဲ့ တွေ့နိုင်ပါစေနော်...

သူ ငယ်ချင်းအားလုံး ပျော်ရွှင်ပါစေဗျာ...........

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum