CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

မှတ်မိသမျှစာစုများ(နိုင်းနိုင်းစနေဘာသာပြန်သည်)

Go down

မှတ်မိသမျှစာစုများ(နိုင်းနိုင်းစနေဘာသာပြန်သည်) Empty မှတ်မိသမျှစာစုများ(နိုင်းနိုင်းစနေဘာသာပြန်သည်)

Post  Admin Wed Sep 07, 2011 4:22 pm

(၁) ဘဝဆိုတာ သင်္ချိုင်းဘက်မောင်းနှင်သွားတဲ့ ရထားတွဲတစ်တွဲပါတဲ့။ မောင်းနှင်ရာလမ်းတစ်လျှောက်မှာ ဘူတာရုံတွေ အများကြီးရှိတယ်။ ခရီးစကနေ ခရီးဆုံးအထိ ဘယ်သူကမှ သင်နဲ့အတူ အဖော်မပြုနိုင်ပါဘူး။ တွဲပေါ်တက်သူတက်၊ တွဲအောက်ဆင်းသူဆင်းကြတာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ကံကောင်းရင် သင့်ကို ခရီးတစ်ထောက် အဖော်ပြုသူရှိပါလိမ့်မယ်။ ရထားတွဲကနေ သူဆင်းသွားတဲ့အခါ မခွဲရက်လည်း ကျေးဇူးတရားကို ရင်မှာထားပြီး လက်ပြနှုတ်ဆက်လိုက်ပါ။ နောက်တစ်ဘူတာမှာ ပိုဝေးတဲ့ခရီးအတွက် သင့်ကိုအဖော်ပြုနိုင်သူနဲ့ သင်ဆုံကောင်းဆုံနိုင်လို့ပါပဲ။

(၂) လိုချင်ပြင်းပြတဲ့စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်ပိုင်ဆိုင်လိမ့်မှာမဟုတ်ဘူး။
သိနားလည်ဖို့ ကြိုးစားချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်သိလိမ့်မှာမဟုတ်ဘူး။
အောင်နိုင်ဖို့ အားထုတ်ချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်အောင်နိုင်လိမ့်မှာမဟုတ်ဘူး။

(၃) ကမ္ဘာကြီး ၁၈ဝဒီဂရီလှည့်တဲ့အခါ နေ့က ညဖြစ်သွားတယ်။ ကမ္ဘာကြီးနောက်ထပ် ၁၈ဝ ဒီဂရီထပ်လှည့်တဲ့အခါ ညက နေ့ဖြစ်သွားတယ်။

လူတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့၁၈ဝဒီဂရီလှည့်တဲ့အခါ ဝမ်းနည်းကြေကွဲခြင်းက ကျွန်တော်တို့နောက်နား ရောက်သွားတယ်။ နောက်ထပ် ၁၈ဝဒီဂရီ ကျွန်တော်တို့လှည့်လိုက်တဲ့အခါ အရာရာကို အသစ်ကပြန်စနိုင်တဲ့ စမှတ်ဆီရောက်သွားတော့တယ်။

(၄) ပွင့်လန်းတဲ့ပန်းတွေက ပျားပိတုန်းတွေကို ဆွဲဆောင်နိုင်တယ်။
ပုပ်သိုးတဲ့အသီးအရွက်တွေက ခြင်ယင်တွေကိုပဲ ဆွဲခေါ်နိုင်တယ်။
ဆိုရိုးစကားတစ်ခုမှာ အတင်းအဖျင်းပြောသူရဲ့လျှာက လူသုံးယောက်ကို သတ်နိုင်သတဲ့။ (၁) ပြောသူကိုယ်တိုင်ကို သတ်တယ်။ (၂) နားထောင်သူကို သတ်တယ်။ (၃) အပြောခံရသူကို သတ်တယ်။

(၅) လူ့ဘဝက လုံးဝမျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ဆက်စပ်တဲ့မျှတမှုတော့ရှိတယ်။ ချိန်ခွင်တစ်ခုပေါ်မှာ သင့်ဖက်က ရတာတွေပိုများလေ တခြားလူထက် သင်ခံနိုင်ရည် ပိုရှိရလေဖြစ်တယ်။

(၆) အခက်အခဲ၊ ပြဿနာတွေဆိုတာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့အရာတွေပါ။ အဲဒီအခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းမျိုးစုံရှိပါတယ်။ အသိဉာဏ်ကိုတိုးမြင့်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ စိတ်သဘောထားကြီးမြတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ လူ့ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေက နည်းများမဆို လူသွားရာနောက် အမြဲလိုက်နေမှာပါပဲ။ အသိဉာဏ်ရှိတဲ့လူကမှ အဲဒီအခက်အခဲ၊ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ခေါင်းအေးအေးထား ဖြေရှင်းနိုင်မှာဖြစ်တယ်။

(၇) ဘာဆင်ခြေနဲ့မှ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားရဲ့ရှေ့မှာ ဘယ်သူကမှ အဲဒီဆင်ခြေကို နားထောင်ချင်လိမ့်မှာမဟုတ်ဘူး။

(၈) နာကျင်ကြေကွဲတာကို တွေ့ကြုံခံစားရမှ အရာတချို့ကို သင်သိနားလည်နိုင်တယ်။ စိတ်ထိခိုက်ခံရမှ ကြံ့ကြံ့ခံဖို့နဲ့ နှုတ်ဆိတ်ဖို့ကို သင် သင်ယူနိုင်တယ်။ နာကျင်ကြေကွဲတာနဲ့ ထိခိုက်တာကို ကော်ဖီမှုန့်လို့ဆိုပါစို့။ တွေးတောခြင်းကို ဆူဗွက်တဲ့ရေလို့ပမာပြုပြီး ခါးသက်မွှေးကြိုင်တဲ့ ကော်ဖီတစ်ခွက်ကိုဖျော်ပြီး သောက်ချလိုက်ပါ။ သင်ကြည်လင်နှိုးထဖို့ ကော်ဖီကကူညီပါလိမ့်မယ်။

(၉) လောကမှာ ဘယ်စာအုပ်၊ ဘယ်ဖွင့်ဆိုချက်ကမှ သင့်အတွက် ကံကောင်းခြင်းတွေပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်ကိုယ်သင်သိစေတဲ့၊ သင့်ကိုယ်သင် အသိအမှတ်ပြုစေတဲ့ ဗဟုသုတ၊ အသိအမြင်ကို ပေးနိုင်ပါလိမ့်မယ်။

(၁ဝ) တစ်လောကလုံးက သင့်ကိုစွန့်လွှတ်သွားပြီ၊ ကျောခိုင်းသွားပြီလို့ သင်ခံစားရတဲ့အခါ.....
သူ(လောကကြီး)ဟာ သင့်ကိုပွေ့ဖက်ဖို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်နေတယ်ဆိုတာကို ယုံကြည်လိုက်ပါ။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum