CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ချစ်သူအတွက် (၁)

Go down

ချစ်သူအတွက် (၁)  Empty ချစ်သူအတွက် (၁)

Post  Admin Sat Aug 20, 2011 11:27 am

မိုးသားကောင်းကင်ကြီးကို ကိုယ်မော့ကြည့်  မိတယ် ။လုံ ခြုံခြင်း ဆိုတဲ့ သဘောတရားကို ရှာဖွေ မတွေ့  ရှိရပါလား။ ဟင်းလင်းပြင် ကျယ် ကြီးထဲမှာ လွင့် ပါး နေတဲ့ တိမ်ဆိုင်တွေ တိမ်လိပ်တွေဟာ တွယ်ရာမဲ့ ခြင်း ဆိုတဲ့  အနက်ကိုဖော်ကျူးနေကြလေရဲ့  ။ အကြင်နာ မိုးသားပြာပြာ တွေ က ကြည်လင် သန့် စင်ခြင်း နိမိတ်ကို ပြခဲ့  ကြတယ်။ ရွှေရောင်ပုဝါခြုံ ထားတဲ့  တိမ်လွှာကလည်း အချစ်ကြောင့်  တောက်ပမှု့  ဆိုတဲ့  အသွင် ကို ဆောင်ခဲ့ တယ်လေ ။ နီရဲရဲကောင်းကင်ပြင်ဟာ လောင်ကျွမ်းခြင်းဆိုတဲ့သဘောကို ထင်ဟပ်ဖော်ထုတ် နေခဲ့ ပါပြီ ။ ကောင်းကင်ဟာ နွေးထွေးသောလွှမ်းခြုံ မှု့  ကို မပေးနိုင်ရုံ သာမက လှောငပီတ်မွမ်းကြပ်စေတဲ့ သောကအုပဆောင်းကြီး တစ်ခုလို ကိုယ့်  မျက်နှာပေါ် မိုးလာနေတယ် ။ အခံရခက်လိုက်တာ ကြည့်ရင်းကြည့်ရင်း ကိုယ့်နှလုံးသားဆီအထိ ပြိုကျဆင်းတော့မလိုပါပဲ။

ကိုယ့်မျက်လုံးကို စုံမှိတ်ပစ်လိုက်ချင်တော့တယ်။ ကောင်းကင်ပြင်ကြီးကို ကို မကြည့်ချင်တော့ပါဘူး။ အချစ်မဲ့ကောင်းကင်ဆိုတာ ချစ်သူတွေအတွက် အဓိပါယ် တစ်စုံတရာ ရှိမလာနိုင်တဲ့ လေဟာပြင်ကြီးတစ်ခုပဲ မဟုတ်လား။ I love you

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum