CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းရဲ့  ခံနိုင်ရည်.....

Go down

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းရဲ့  ခံနိုင်ရည်..... Empty ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းရဲ့  ခံနိုင်ရည်.....

Post  Admin Tue Aug 16, 2011 10:12 pm

ဝေးကွာခြင်းဆိုတာ ချစ်သူတွေကြားမှာ မကြာခဏ တွေ့ ရတတ်တဲ့ နတ်ဆိုးလေးပါပဲ...။

ချစ်သူခြင်း ချစ်လျှက်နှင့် ဝေးကွာရသည် ရှိသလို မချစ်တော့၍လည်း ဝေးကွာအောင်နေကြတယ်....။

ရှင်လျှက်နှင့်ဝေးကွာသလို သေလျှက်နှင့်လဲ ဝေးကွာခဲ့ကြရတယ်...။

ဝေးကွာတယ်ဆိုတဲ့ စကားလုံးက ချစ်သူတွေကြားမှာ မစိမ်းတဲ့ စကားလုံးမို့  ငါ့အတွက်လဲ မစိမ်းတော့ပါဘူး...။

ဒီစကားလုံးလေးရဲ့  ရက်စက်မှုအောက်မှာ ခံနိုင်ရည်ရှိဖို့ ကိုပဲ ငါကြိုးစားတော့မယ်......။

နင်နဲ့  ငါရဲ့  အကြားက ဝေးကွာခြင်းက မချစ်လို့ မဟုတ်ဘူးနော်...။

ချစ်လွန်းလို့  ငါတို့ ရဲ့  အနာဂတ်တွေ လှပဖို့  တခဏတာ ငါတို့  ခွဲရမှာ.....။

မိုင်းပေါင်းများစွာ မိုင်ချီကွာဝေးနေပေမဲ့ မိုးကောင်းကင် တစ်ခုထဲအောက်မှာ ငါတို့  ရပ်နေကြတယ်....။

ရေမြေတွေ ခြားနေပေမဲ့ ကမ္ဘာမြေရဲ့  တစ်နေရာစီကို ငါတို့  ထိတွေ့ ခွင့်ရနေသေးတယ်....။

လေလှိုင်းကြားကနေ နင့်ကို ချစ်တယ်လို့  နင်ကြားအောင် ပြောနေခွင့်ရနေသေးတယ်...။

မကြာခင်ကြရောက်လာတော့မယ့် ငါတို့ ရဲ့  ဝေးကွာခြင်းနတ်ဆိုးကို နင်ကြောက်ရွံ့ နေစရာမလိုဘူးနော်....။

ဒီနေ့ ရဲ့  ဝေးကွာခြင်းဟာ မနက်ဖြန်ဆိုတဲ့ ငါတို့ ရဲ့  အနာဂတ်တစ်ခု လှပဖို့  လှေခါးထစ်တွေပါ...။

ဒီဝေးကွာခြင်းအတွက် နင်လဲ ဝမ်းမနည်းနဲ့  ငါလဲ မငိုဘူး....။

ခု ငါတို့ နှစ်ယောက်ပိုင်ဆိုင်နေတဲ့ အချိန်လေးတစ်ခုကို ဆွေးမြေ့ ခြင်းကင်းစွာနဲ့  ပျော်ပျော်ကြီးဖြတ်သန်းသွားကြရအောင်နော်...။

နင် ငါ့ကိုပေးတဲ့ ချစ်ခြင်းနဲ့  အနစ်နာခံမှုတစ်ချို့ ကို ငါ ယူငင်စားသုံးရင်း ငါ့ဆီက အကြင်နာတွေနဲ့  ဂရုစိုက်မှုတွေကို နင့်ကို လှိုင်လှိုင်ကြီးပေးပါ့မယ် ချစ်သူ...။

ကာလ အပိုင်းခြားတစ်ခုရဲ့  ဝေးကွာခြင်းမှာ နင် ငါ့ကို စိတ်ချပါ...။

ငါ့ရင်ထဲက အချစ်တွေကို မြင်ပါ.....။

ငါ့ရဲ့  နင့်အပေါ်ထားတဲ့ သစ္စာတရားကို ယုံပါ....။

နင့်ကို ခွဲရတော့မယ်လို့  သိလိုက်စဉ်က ကျခဲ့တဲ့ မျက်ရည် ငါ့ခန္ဓာမှာ ခမ်းခြောက်ကုန်ပြီး...

အနာဂတ်အတွက် အားသစ်တွေအဖြစ် ရှင်သန်ထမြောက်ကုန်တာလေ....

တစ်နေ့  နင်နဲ့  ပြန်လည် ဆုံစည်းရမယ် ဆိုတဲ့ ယုံကြည်မှု တစ်ခုရဲ့  အာဟာရ မြေဩဇာကြောင့် ငါ့ရဲ့  လွမ်းချင်းတွေ လန်းဆန်းနေလေရဲ့ ...။

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းဆိုတာ မလှပပေမဲ့ နင့်နဲ့  ငါ့ တို့ ရဲ့ ကြားက ဝေးကွာခြင်းက အနာဂတ်အတွက် လေးနက်တဲ့ မျှော်လင့်ချက်တစ်ခုနှင့်မို့ 
ရင်ခုန်မှုတွေ လှိုင်းထနေတဲ့ ဒီရင်ဘတ်က ကြည်နူးမှုတွေနဲ့  ဝေးကွာခြင်းဆိုတဲ့ ဒဏ်ကို သတ္တိရှိရှိ ငါ ခံနိုင်ရည်ရှိပါတယ်...။

စိတ်ချလက်ချ ရှေ့ ကို ဆက်သွားပါ ချစ်သူ...။

မမြင်ရတဲ့ နေ့ ကျောပြင်ကို မှန်းဆတွေးမျှော်ရင်း နင်ချန်ခဲ့တဲ့ ခြေရာတွေကို အလွမ်းပြေ ငါငေးကြည့်နေမှာပါ...။

ချစ်သူနှစ်ဦးကြားက ဝေးကွာခြင်းနတ်ဆိုးကို အနိုင်တိုက်ထုတ်နိုင်တဲ့ ကျေနပ်ပီတိပြုံးနဲ့  ငါ ကျန်ရစ်ခဲ့မှာပါ...။

နင်လဲ ဝေးကွာခြင်းတစ်ခုရဲ့  ဒဏ်ကို ခံနိုင်ရည်ရှိပြီး ဘဝတိုက်ပွဲကို ပြုံးပြုံးလေးနဲ့  အနိုင်တိုက်လိုက်စမ်းပါ မေ့ချစ်သူ....။


Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum