CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟူး.....အာမီန်း.....” (ဟာသ)

Go down

ဟူး.....အာမီန်း.....” (ဟာသ) Empty ဟူး.....အာမီန်း.....” (ဟာသ)

Post  Admin Tue Aug 16, 2011 4:54 pm

တစ်ခါတုန်းက နိုင်ငံခြားသားသူဌေး တစ်ယောက်က အာရပ်နိုင်ငံတွေကို ကိုယ်ပိုင်လေယာဉ်နဲ့ အလည်ခရီး ထွက်ခဲ့တယ်။

တစ်နေရာအရောက်မှာ သူ့ရဲ့လေယာဉ် စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့တယ်။

သူ့လေယာဉ် ပျက်ကျသွားခဲ့တဲ့နေရာက သဲကန္တာရထဲမှာ။ သူသဲကန္တာရထဲမှာ လျှောက်သွားနေရာကနေ ရွက်ဖျင်တဲလေးတစ်လုံးနဲ့

ကုလားအုပ်သုံးကောင် တွေ့လိုက်တယ်။

ရွက်ဖျင်တဲလေးနားကို သူရောက်သွားတော့ အာရပ်လူမျိုးကြီးနှစ်ယောက် တဲထဲကနေထွက်လာတယ်။ ဘာဖြစ်တာလဲမေးတော့

အကြောင်းစုံကို သူရှင်းပြလိုက်တယ်။ အဲဒါနဲ့ အာရပ်လူကြီးတွေက သူ့ကို ကုလားအုပ်တစ်ကောင်ပေးပြီး စကားလုံးနှစ်လုံး လက်ဆောင်

ပေးလိုက်တယ်။ အဲဒီစကားလုံးနှစ်လုံးကတော့ “ဟူး” နဲ့ “အာမီန်း” ပဲဖြစ်ပါတယ်။ ကုလားအုပ်ကိုသွားစေချင်ရင် “ဟူး” လို့ပြောပြီးတော့

ရပ်စေချင်ရင် “အာမီန်း” လို့ပြောပါလို့ မှာလိုက်တယ်။

အဲဒါနဲ့ သူလည်း “ဟူး” လို့ပြောပြီး ခရီးစတင်နှင်လာခဲ့တယ်။ လမ်းတစ်နေရာအရောက်မှာ အရှေ့တည့်တည့်ကို ကြည့်လိုက်တော့

ချောက်အကြီးကြီးကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကုလားအုပ်ကိုရပ်ဖို့ သူပြောတယ်။ ဒါပေမယ့် သူက “အာမီန်း” ဆိုတဲ့ စကားလုံးကို

မေ့သွားတယ်။ ဒါကြောင့် ကုလားအုပ်ကလည်း မရပ်ဘူး။ သူလည်းကြောက်ကြောက်နဲ့ မျက်လုံးစုံမှိတ်ပြီး ဒိုအာတွေပဲတောင်းတော့တယ်။

ဒိုအာဆုံးတော့ “အာမီန်း” လို့ပြောလိုက်တဲ့အချိန်မှာ ကုလားအုပ်က ရပ်သွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ချောက်ထဲကိုကျဖို့

ခြေတစ်လှမ်းပဲလိုတော့တယ်။ သူကအခုမှ စိတ်အေးရတယ်ဆိုပြီး မျက်နှာပေါ်က ချွေးတွေကိုသုတ်ရင်း သက်ပြင်းတစ်ချက်ချလိုက်တယ်။



“ဟူး.....”



(သူငယ်ချင်းအားလုံးရယ်မောရင်း ပျော်ရွှင်ကြပါစေ။)

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum