CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

အကယ်၍ အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်

Go down

အကယ်၍ အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်  Empty အကယ်၍ အကယ်၍သာ အိမ်ထောင်ကျခြင်းသည် ထောင်ကျခြင်းနှင့် ညီမျှခဲ့သော်

Post  Admin Mon Aug 15, 2011 5:05 pm

1. ရည်းစားနှင့်လမ်းသလားသူ = အချုပ်ကားနှင့် ခရီးသွားသူ



2. Gtalk ဖြင့် အချိန်မှန်သတင်းပို့ရသူ = ခြေချုပ်ခံဝန် မှန်မှန်လက်မှတ်ထိုးရသူ

...

3. ရည်းစားရှိသော်လည်း ချက်ပြုတ်ကျွေးမည့် လင်ငယ်ရှိသူ = အချုပ်ကားစီးသော်လည်း ထိုင်ခုံရသူ



4. ရည်းစားစိတ်ဆိုး၍ မရှိရှိတာ ဝယ်ချော့ရသူ = အချုပ်ကားစီးရသည့် အပြင် ဓာတ်ဆီဖိုးပါပေးရသူ



5. သူ့ကို ကြိုက်သောစော်ရှိသော်လည်း ငြင်းသူ = အချုပ်ကားကို လမ်းကြုံစီးခိုင်းသော်လည်း ငြင်းသူ



6. ကြိုက်သောမိန်းမနဲ မရဘဲ အိမ်ထောင်ကျလာသူ = အမှုမှားပြီး ထောင်ချခံရသူ



7. မိန်းမရပြီးမှ မိန်းမက ပွစိပွစိအလုပ်ခံရသူ = ထောင်ထဲတွင် မိလ္လာဘုတ်ကိုင်ရသူ



8. မိန်းမရပြီးမှ ခယ်မကိုကြံသူ = ထောင်မပြောင်းဘဲ အဆောင်သာပြောင်းချင်သူ



9. မိန်းမမသိအောင် အနှိပ်ခန်းသွားသူ = ထောင်မှူးအလစ်တွင် ဆေးလိပ်ခိုးသွင်းသူ



10. မိန်းမနှင့် အဆင်မပြေသော်လည်း အဆင်ပြေသယောင်ယောင်ပြောသူ = ပြစ်ဒဏ်လျှော့ပေါ့မှုကိုမျှော်၍ လိမ်လည်ထွက်ဆိုသူ



11. မိန်းမရပြီးသော်လည်း မိန်းမကို အဝေးမှာထားသူ = သက်သာရန် ရည်ရွယ်ပြီး တစ်ကျွန်းသို့ရှောင်နေသူ



12. မိန်းမနားငြီးသော်လည်း ယောက်ခမနှင့် အဆင်ပြေသူ = ထောင်ကျသော်လည်း အခန်းလူကြီးနှင့် အဆင်ပြေသူ



13. တစ်ခုလပ် = ထောင်မှ "တရားရှင်" လွတ်လာသူ



14. မုဆိုးဖို = ထောင်မှ "တရားသေ" လွတ်လာသူ



SHARE from HYDE group.

စထရော်ဘယ်ရီဝိုင် ဆိုက်က ကူးယူခဲ့သည်။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum