CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

ချစ်သ၀ဏ်လွှာ

Go down

ချစ်သ၀ဏ်လွှာ Empty ချစ်သ၀ဏ်လွှာ

Post  Admin Sun Aug 14, 2011 9:36 pm

ချစ်သူရယ်

မင်းဟာ ကိုယ့်နှလုံးသားရဲ့
နတ်သမီးလေးဆိုရင် လွဲနိုင်ပါ့မလား.......။



အိပ်မက်တွေရဲ့ သခင်

ကိုယ့်နှလုံးသားရဲ့ 1 ပွင့်ထဲသော
... လမ်းပြကြယ်လေးပေါ့..............။



မင်းနဲ့တွေ့တိုင်းပျော်ရွှင်မိတယ်

ကြည်နူးမိတယ် အားပေးဖေးမမှုတွေနဲ့
အဖော်ပေးချင်မိတယ်..........။



အဲတာဘာလဲ ....?

ကိုယ့်နှလုံးသားက လက်ခံတဲ့
အချစ်ဆိုတာလား.....?



မင်းကိုတမ်းတမိတဲ့ညတွေဆို

ပြောခဲ့ဖူးတဲ့ စကားတွေ

ကြည့်ခဲ့ဖူးတဲ့ပုံလေးတွေက
ကိုယ့်အတွက်အကောင်းဆုံးအဖော်ပါပဲ ........။



ဒါကိုမင်းတစ်ယောက်တော့
သိနိုင်ပါ့ မလား.........?



အပြုံးတစ်ချက်နဲ့ နှလုံးသားရဲ့

နယ်နိမိတ်ကို ကျူးကျော်ခဲ့တဲ့

မင်းရဲ့ညှို.ငင်မှုတွေကို မခုခံနိုင်တဲ့အပြင်

အညံ့ခံပြီးသား ငါ့နှလုံးသားလေးဟာ

လက်နက်ချ အရှုံးပေးခဲ့ရတယ်

အမုန်းဆိုတဲ့ တံတိုင်းကြီးကို ချိုးဖျက်လို့

မာန ဆိုတဲ့ စစ်သည်တွေကိုပါ အနိုင်ယူရင်း

ငါ့နှလုံးသားမြို့တော် ကိုပါ
သိမ်းပိုက်သွားခဲ့တယ်.................။



ဒါပေမရ်. ငါကျေနပ်ပါတယ်

မင်းလက်ထဲမှာ ကျရှုံးရလို့လေ

ချစ်သူရယ် သိမ်းပိုက်ပြီးပြီ ဆိုမှတော့

ကိုယ့်ရဲ့ အသနားခံ ချစ်သ၀ဏ်လွှာလေး

တစ်စောင်ကိုတော့ မင်းဆီပို့ခွင့်ပြုပါကွာ...........။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum