ငါ့ရဲ့ ဖူးစာရှင်လေး သို့ .. ............

Go down

ငါ့ရဲ့ ဖူးစာရှင်လေး သို့ .. ............

Post  Admin on Sun Aug 14, 2011 9:25 pm

ငါ့ရဲ့ ဖူးစာရှင်လေး သို့ .. ............





ငါဟာ အရွယ်ရောက်နေခဲ့ပြီ


...

ရင်လဲ ခုန်တတ်နေပြီ



ချစ်လဲချစ် တတ် ခဲ့ပြီ



တွေ့ ရတဲ့ အချစ်တစ်ခုကြောင့်



ငါ သာယာ ခဲ့ဖူးပြီ



ပျော်ရွင်ကြည်နူးခဲ့ ဖူးပြီ



ငါဟာပေးဆပ်ခြင်းကို နားလည် ခဲ့ပြီ



အသဲကွဲခြင်းတွေနဲ့  ပူလောင်နေခဲ့ပြီး



အဓိပ္ပါယ်မဲ့ နေ့ ရက်တွေကိုလဲ ဖြတ်သန်းခဲ့ဖူးပြီ



ငါ ဟာ လူထဲက လူတစ်ယောက်မို့ တစ်ယောက်ထဲ



ဘ၀မှာ ရှင်သန်ဖို့ စိတ်ကူး မရှိပါဘူး



လက်တွဲဖော်လေးတစ်ယောက်လိုချင်တာ အမှန်ပေါ့



သူလေးကဘယ်သူလဲ ? ငါမသိဘူး ?


ငါ သိတာတစ်ခုပဲ့



ငါမသိတဲ့ ငါ့ ရဲ့ လက်တွဲဖော်အစစ်ကို



ငါ အရမ်းချစ်လိုက်မယ်



အရင်တချိန်က ငါဟာစိတ်ကစားလို့ ဖြစ်ဖြစ်



စိတ်လုပ်ရှားလို့ ပဲ့ဖြစ်ဖြစ်



အရာတစ်ခုကြောင့် ချစ်မိခဲ့တဲ့  မိန်းကလေး ရှိခဲ့ပေမဲ့ 



သူ့ အတွက် ငါ့ အချစ်တွေ ကို မဖြုန်းတီးတော့ဘူး



ငါ့နှလုံး သားလေးက



ငါ့လက်ကို ဆွဲ ဘ၀ ခရီး ခဲ အတူရင်ဆိုင်လာမဲ့



ကောင်မလေးတစ်ယောက်အတွက်ပဲ့



ငါ့ရဲ့  အချစ်တွေကို အချစ်ဘဏ်လေး အထဲ



စုထားလိုက်မယ်. . . . . . . . . .



တနေ့ ငါ့ ရဲ့ ဖူးစာရှင်လေးအတွက်



ငါ့ရဲ့ အချစ်တွေ ပေါ့



အမည်မသိ သေးတဲ့  ဒီကောင်မလေးက



သူများလို လှ ချင်မှ လှမယ်



ငါ့အတွက်တော့ သူဟာ



နတ်သမီးလေး တစ်ပါး ဖြစ်လေ့မယ်....................


Admin
Admin

Posts : 105
Join date : 2011-08-13

View user profile http://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum