CU Dawei Friends
Would you like to react to this message? Create an account in a few clicks or log in to continue.

Windows Vista မှာ Partition ကို အချက်အလက်မပျက်ဘဲ ပြုပြင်နိုင်ဖို့

Go down

Windows Vista မှာ Partition ကို အချက်အလက်မပျက်ဘဲ ပြုပြင်နိုင်ဖို့ Empty Windows Vista မှာ Partition ကို အချက်အလက်မပျက်ဘဲ ပြုပြင်နိုင်ဖို့

Post  Admin Mon Apr 02, 2012 11:22 pm

ကွန်ပျူတာရဲ့ hard disk partition တွေကိုပိုင်းရမည့် သို့မဟုတ် ပိုင်းပြီးသားကို အရွယ်အစားကိုပြန်ပြင်ပြောင်းရမယ့်အကြောင်း တွေဟာ အကြောင်းမျိုစုံကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း မူလ partition ထဲမှာ အချက်လက်တွေကို မပျက်မစီးဘဲ ဒီလိုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အတွက်ကတော့ ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်။ Vista မှာ ရှိတဲ့ partition တွေကို ပြုပြင်ဖို့ ဆိုတာကလည်းနဂိုကတည်း က အချက်အလက်တွေ ရှိထားရင် အတော်သတိထားရမှာဖြစ်ပါတယ်။ အချက်အလက်တွေက ပိုပြီးတော့ အရေး ကြီးလေ ပိုပြီးတော့ သတိထားရလေ ဖြစ်မှာပါ။ disk အရွယ်အစားပြုပြင်မယ်ဆိုရင် အရင်ဆုံး လုပ်သင့်တာက အထဲက data တွေကိုတစ်နေရာရာမှာ back-up လုပ်ထားသင့်တာ ဖြစ်ပါတယ်။

ယခုဖော်ပြမည့် Vista မှာ hard disk ရဲ့ partition ကို အချက်အလက်တွေ မပျက်စီး စေဘဲ အရွယ်အစား ပြောင်းနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ စမ်းသပ်ထားပြီးသားဆိုပေမဲ့ လုံးဝ ပြည့်စုံတယ်လို့တော့အာမခံလို့ မရပါဘူး။ ဘာကြောင့် လည်း ဆိုတော့ တစ်ခါတစ်ရံမှာ မမျှော်လင့်နိုင်တဲ့ ကိစ္စတွေ၊ ပြဿနာတွေပေါ်လာနိုင်လို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့်data ကို back-up လုပ်ထားတာက စိတ်အချရဆုံးပါ။

Start menu ကိုသွားပါ။ Computer ဆိုတဲ့ စာသားပေါ်မှာ right click ခေါက်ပေးပါ။ အဲဒီအခါမှာ dialog box ပေါ်မှာဖြစ်ပါတယ်။

Manage ကိုclick ခေါက်ခဲ့မယ်ဆိုလျှင်တော့ Computer Management ကိုတွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီအထဲက Storage ကို click ခေါက်ပြီး Disk Management tool ကိုတွေ့တဲ့ အခါမှာ Disk Management ကို click ခေါက်လိုက်ပါ။

ပြင်ချင်တဲ့ partition ပေါ်မှာ right click ခေါက်ပါ။ ဒီလို right click ခေါက်လိုက်တဲ့ အခါ menu အသစ်ပေါ်လာတာ တွေ ရမှာ ဖြစ်ပါတယ်။

ဒီ menu ပေါ်လာခဲ့လျှင် menu ထဲရှိ shrink volume ကို click ခေါက်ပါ။ အဲဒီအခါ မှာ partition ကို အရွယ်အစားပြင်နိုင်တဲ့ window ပေါ်လာပါလိမ့်မယ်။ ပြုပြင်ချင်တဲ့ အရွယ် အစားကို ရိုက်ထည့်လိုက်ပါ။ အဲဒီအခါမှာ Vista ကပြုပြင်ထားတဲ့ပမာဏကို Vista က တွက် ချက်ပေးပါလိမ့်မယ်။

Shrink ကိုနှိပ်လိုက်ရင် အရွယ်အစားကပြောင်းပြီးသားဖြစ်သွားပြီးရိုက်ထည့် ပေးလိုက် တဲ့ ပမာဏဟာ မသန့်စင်ရသေးတဲ့ partition အသစ်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

Hard drive ရဲ့ partition ပြောင်းလည်းနိုင်တဲ့ third-party utility တွေလည်း ရှိပါသေးတယ်။ ဘယ်လို utility သုံးသုံးသတိပြုရမယ့် အချက်ကတော့ data တွေကို back-up လုပ်ဖို့ ဆိုတာပါဘဲ။

Admin
Admin

Posts : 105
Join date : 2011-08-13

https://cudawei.4umer.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum